See the movie @ SP Myanmar Culture Show 2011
DATE : June 19, 2011
TIME : 2pm – 8pm
VENUE: Singapore Polytechnic Convention Centre, Dover
TICKET PRICES : 17$ , 15$
CONTACT :KO HEIN HTET 9004 4475
KO KYAW ZAW HEIN 8181 7441
See the movie @ SP Myanmar Culture Show 2011
DATE : June 19, 2011
TIME : 2pm – 8pm
VENUE: Singapore Polytechnic Convention Centre, Dover
TICKET PRICES : 17$ , 15$
CONTACT :KO HEIN HTET 9004 4475
KO KYAW ZAW HEIN 8181 7441
၂၀၁၁ ခုနှစ်တွင် စင်ကာပူပိုလီဝင်ခွင့်ရသော မောင်မယ်များကို ကြိုဆိုသည့်ပွဲကို ဧပြီလ ၂၄ရက်နေ့ (တနင်္ဂနွေနေ့) တွင် ပြုလုပ်မည်ဖြစ်ပါသည်။
အသေးစိတ်သိလိုပါက pr@spmyanmar.com သို့ စာရေးမေးမြန်းနိုင်ပါသည်။
ဒီဇင်ဘာ ၃ရက်နေ့က ကျောင်းသားအချို့ မဝေမွန်ပိုင်ကို သွားရောက် သတင်းမေး အားပေးခဲ့ကြသည်။ လွန်ခဲ့သောနှစ်ရက်ခန့်က SGH မှာ ဆေးသွားသွင်းထားလို့ မဝေမွန်ပိုင်မှာ အားသိပ်မရှိပါ။ အသားအရေမှာလည်း သွေးရောင်မရှိ ဖြူရော်ရော်ဖြစ်နေသည်ကို တွေ့ရပါသည်။ အိပ်ယာပေါ်မှာလှဲနေရင်းပဲ ကျေးဇူးတင်ပါတယ်လို့တောင် ပီပီသသ မပြောနိုင်ပါ။ ဆေးဒါဏ်ကြောင့် အားအလွန်နည်းပြီး အစာအိမ်မှာလည်း မကောင်းသောကြောင့် အားရှိအောင်အစာများများစားဖို့လိုနေသည်။ အစာများများစားအောင်၊ စိတ်အားတက်အောင် သွားရောက်သတင်းမေးပြီး အားပေးစကားများ ပြောကြဖို့လိုပါသည်။ အစာများများစားပြီး အားရှိလာလျှင် ဆေးကုရသည်မှာ အများကြီး အဆင်ပြေသွားပါမည်။ တစ်ဖက်မှလည်း ငွေကြေး ဆေးကုသစရိတ်အတွက် တစ်ပူပေါ်နှစ်ပူမဆင့်ရအောင် ကျွန်တော်တို့ကလည်း တတ်အားသရွေ့ ကူညီကြပါမည်။
စင်ကာပူပေါ်လီမှ ကျောင်းသား [...]
စင်ကာပူပိုလီရှိ မြန်မာကျောင်းသူ၊ ကျောင်းသားများ မြန်မာစာပေနှင့် မြန်မာစာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ရန်၊ ကျောင်းသားများ စုဆုံ၍ သာရေး၊ နာရေး၊ ပညာရေး ကိစ္စများကို ဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စာပေရိပ်မြုံ မြန်မာစာကြည့်တိုက်လေးအဖြစ် ဖွင့်လှစ်ထားရှိပါသည်။ စာအုပ်များကို မည်သည့်ကျောင်းမှ မြန်မာကျောင်းသားမဆို ငှားရမ်းဖတ်ရှုနိုင်ပါပြီ။
နေရာ – auditorium ရှေ့  စာဖတ်ခန်းများ (စင်ကာပူပိုလီ)
နေ့ရက် – တနင်္လာ ညနေ ၄း၃၀ မှ ၆း၃၀။
-ကြာသပတေး ညနေ ၃း၃၀ မှ ၆း၃၀။
စုဆုံ၍ စာဖတ်ကြပါစို့….
Severe Systemic Vasculitis ရောဂါဖြင့် ဆေးရုံတက်နေရသော စင်ကာပူပိုလီမှ ကျောင်းသူဟောင်း မဝေမွန်ပိုင်ကို ကျွန်တော်တို့ တတ်နိုင်သမျှ ငွေအားကူညီကြမည်။
ကျောင်းတွင် ပိုက်ဆံကောက်၍ လှူဒါန်းနေသလို၊ ကျောင်းသားများစု၍ အချိန်ပိုင်းတစ်ရက် အလုပ်လုပ်ကာ ရသမျှငွေကို လှူဒါန်းရန်လည်း စီစဉ်နေပါသည်။
အလှူငွေထည့်လိုသူများနှင့် အချိန်ပိုင်းအလုပ်လုပ်၍ ငွေလှူလိုသူများ ဆက်သွယ်ကြပါရန်။
ဆက်သွယ်ရန်- ဝေလင်းအေး (၉၈၃၉၇၁၂၆)၊ ညဏ်လင်းထွန်း(၈၁၁၈၁၄၉၇)
အသေးစိတ်သိလိုပါက – http://www.facebook.com/home.php?sk=group_144036308979633¬if_t=group_activity
အောက်တိုဘာ ၂၂ ရက်နေ့တွင် စင်ကာပူပိုလီတက်ကနစ်၏ ကျောင်းသုံးကျောင်းဖြစ်သော SB,CASS နှင့် DMIT တို့ ပူးပေါင်း၍ business block (T20) တွင် One World Day Event ကိုကျင်းပခဲ့သည်။ မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ ဘရာဇီး၊ မလေးရှား၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှား စသည့် နိုင်ငံတို့၏ ယဉ်ကျေးမှုနှင့် နိုင်ငံဆိုင်ရာအချက်အလက်များကို Country Booth များနှင့် မနက် ၁၁ နာရီ မှ ညနေ ၅ နာရီ အထိပြသခဲ့သည်။ မြန်မာနိုင်ငံမှ မြန်မာကျောင်းသူ ကျောင်းသားများက မြန်မာနိုင်ငံ Booth တစ်ခုဖွင့်ကာ မြန်မာမှုပစ္စည်းများ ပြသဆင်နွှဲခဲ့သည်။
နေ့ရက်။ ။ အောက်တိုဘာ၂၂ရက်၊ ၂၀၁၀။
နေရာ။ ။ Business [...]
စင်ကာပူပိုလီ မြန်မာကျောင်းသားကျောင်းသူများ၏ ကြိုးပမ်းတင်ဆက်မှု………
အက၊ အလှ၊ ဟာသ နှင့် အငြိမ့် ပဒေသာ။
နေ့ရက်- သြဂုတ်လ ၂၂ရက် ၂၀၁၀
အချိန် – ညနေ ၂ နာရီမှ ၇ နာရီ (ညစာပါမည်)
နေရာ- Auditorium ၊ စင်ကာပူပိုလီတက်ကနစ်။
ဆက်သွယ်ရန်- မြင့်ခိုင် (၉၈၇၇၁၇၄၇) (လက်မှတ်များစတင်ရောင်းချနေပါပြီ)
Sponsored by Singapore Polytechnic, Sin Myanmar Travel & Tour, Taj Restaurant, Thiri Hair Saloon, Tha Pyay Nu Trading.
အမြည်းခံစားကြည့်လိုပါက…..
http://www.facebook.com/?ref=home#!/video/video.php?v=1373102650808&ref=mf
သို့မဟုတ်
စင်ကာပူပိုလီမြန်မာဘောလုံးအသင်းနှင့် ရီပတ်ဘလစ်ပေါ်လီ မြန်မာဘောလုံးအသင်းတို့ ဂျူလိုင်၂၄ရက် (စနေနေ့) က Kent Ridge Secondary School ကွင်း၌ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားကြရာ စင်ကာပူပိုလီမြန်မာဘောလုံးအသင်းက ၁၀ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါကြောင်း။
စင်ကာပူပိုလီမြန်မာဘောလုံးအသင်း၏ ဒုတိယအကျော့၊ ဒုတိယပွဲစဉ် အဖြစ် ၁၇.၇.၂၀၁၀ (စနေနေ့) ညနေ ၃နာရီက နမ့်ယန်းပိုလီမြန်မာ ဘောလုံးအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ၂-၂ ဂိုးဖြင့် သရေကျသွားပါကြောင်း။
နိုင်ငံတကာကျောင်းသားများအတွက် ရည်ရွယ်ပြုလုပ်သော International Student Night ဖျော်ဖြေပွဲနှင့် ညစာစားပွဲကို ဇူလိုင် ၉ ရက်နေ့တွင် စင်ကာပူပိုလီတက်ကနစ် အားကစားခန်းမ(ရေကူးကန်အနီး) အပေါ်ထပ်တွင်ကျင်းပခဲ့ရာ မြန်မာပြည်မှ ဦးရွှေရိုးနှင့် ဒေါ်မိုးလဲ တက်ရောက်ခဲ့ပါသည်။
ထိုပွဲကို SMAE ( School of Mechanical and Aeronautical Engineering ) ဌာနနှင့် နိုင်ငံတကာကျောင်းသားကလပ် ( ISC )၊ SMAE club တို့ သုံးဦးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတကာကျောင်းသားများနှင့် ဒေသခံကျောင်းသားများအကြား ရင်းနှီးချစ်ခင်မှုတိုးတက်စေရန် ဖြစ်သည်။ တရုတ်သံစုံတီးဝိုင်း၊ မလေး dikir birat သီချင်းများ၊ အိန္ဒိယ အကပဒေသာများနှင့်အတူ မြန်မာကျောင်းသားမိသားစုမှ ဦးရွှေရိုး၊ ဒေါ်မိုးတို့က ဒိုးပတ်ဝိုင်းနှင့်တွဲဖက်၍ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ပူးတွဲပါပုံမှာ စင်မြင့်ပေါ်၌ဖျော်ဖြေနေကြသော စင်ကာပူပိုလီ [...]
Leave a Comment
News